Kalay Myo Ah Tihnung Taktak In Thahnawnnak A Um

Kalay Myo ah minung pakhat cu an thah i a liang le a vang an buah dih a sa an can dih mi ruak cu lampi ah hmuh a si. Mah bantuk tihnung mi thahnawnnak cu tihnnung taktak khi a si ko. Sathil thah i a sa an can baktuk in minung a si mi a sa an can mi cu a poi ngaingai ko.

Mah hi a thi mi a sa an can mi cung ah hi ralkap pa tiah an tial. Ralhrang pawl nih PDF pawl min chiatternak ah an tuahmi a si kho ko. A si lo le ralhrang taktak zong a si kho ko. Source ..Khit Thit Media

Credit ..Saisihchuah

ကလေးမြို့တွင် လူတစ်ဦး အပိုင်းပိုင်းဖြတ်ပြီး အသတ်ခံထားရပြီး တပ်သား သိန်းဇော်ဟု ရေးသားထား၊ PDF ကို ပုံဖျက်ရန် စစ်တပ်၏ လုပ်ရပ်ဖြစ်နိုင်ဟု မြို့ခံများပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူတစ်ဦး အပိုင်းပိုင်းဖြတ် အသတ်ခံရထားပြီး အသတ်ခံထားရသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သား သိန်းဇော်ဟု ရေးသားထားကြောင်း ကလေးမြို့ခံများထံမှ သိရှိရသည်။

“ဒီမနက် ကလေးမြို့ တောင်သာ ဂေါက်ကွင်းလမ်းကွေ့တံတားမှာ လူတစ်ဦးကို ခေါင်း၊ ခြေထောက်၊ လက် တစ်ခုစီ ဖြတ်တောက်ပြီး အသတ်ခံထားရတယ်။ အသတ်ခံရသူက တပ်သား သိန်းဇော်လို့လည်းရေးထားတယ်။ ခုနကအထိတော့ ရှောင်ကွင်းပြီး သွားနေရတယ်။ စစ်တပ်နဲ့ရဲလည်း မရောက်သေးဘူး။ အလောင်းက လည်း အဲဒီအတိုင်းကြီးပဲ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အသတ်ခံရသူသည် အမှန်တကယ် စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သား သိန်းဇော် ဟုတ်၊ မဟုတ် အတည်ပြုနိုင်ခြင်းမရှိသေးသည့်အပြင် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုလည်း မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကလေးမြို့ခံများကမူ အဆိုပါ သတ်ဖြတ်မှုသည် စစ်တပ်၏ အကွက်ကျကျဖြင့် PDF များကို နာမည်ဖျက်သည့် လုပ်ရပ်ဖြစ်နိုင်သကဲ့သို့ သတင်းပေးဟု နာမည်ထွက်သူ သတ်ဖြတ်ခံရမှုလည်း ဖြစ်နိုင်ကြောင်း၊ ကလေးမြို့တွင် တရားဥပဒေ စိုးမိုးမှု မရှိသည့်အတွက် အဖြစ်မှန် သိရှိရန် ခက်ခဲကြောင်း သုံးသပ် ပြောဆိုသည်။

“အခုက မြို့မှာက စစ်တပ်နဲ့ရဲကလည်း ဖမ်းချင်သလို ဖမ်း၊ ရက်ရက်စက်စက် သတ်ချင်သလို သတ်နေတာ။ တရားဥပဒေလည်း မရှိတော့ဘူး။ အခုလည်း သတ်ပြီး တမင် ပုံဖျက်တာလား။ တကယ်သတ်တာလား သေချာလည်းမသိဘူး။ အခု မြို့က မဆီ မဆိုင် လူငယ်တွေ အဖမ်းခံရမှာပဲ စိုးရိမ်တယ်။ အဲဒီလို စစ်တပ်က လုပ်ဇတ် ဖန်တီးပြီး လူငယ်တွေကို လိုက်ဖမ်းမှာစိုးရိမ်တယ်” ဟု ကလေးမြို့မှ ကျောင်းဆရာတစ်ဦးက ဆိုသည်။

လက်ရှိနောက်ဆုံးသတင်းအချက်အလက်များအရ သတ်ဖြတ်ခံရသူသည် စစ် တပ်မှ CDM ဝင်ထားသော ထောက်/ပို့စစ်သား သိန်းဇော်ဖြစ်ပြီး စစ်တပ်က ကိုသိန်းဇော်ကို ဖမ်းဆီး သတ်ဖြတ်ကာ PDF ပုံစံဖြင့် ပုံဖျက်၍ မြို့နေလူထုကို ခြောက်လှန့်ခြင်းဖြစ်သည်ဟု သိရှိရသည်။

ကလေးမြို့နယ်တွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်တပ်က မြို့ပေါ် နေရာအနည်းငယ်တွင်သာ နယ်မြေစိုးမိုးမှု လုပ်ဆောင်နိုင်တော့သည့် အခြေအနေ ရှိသည်ဟု သိရှိရသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*