
Ralhrang rian pek mi Sagaing CM cu khual a tlawnnak ah PDF nih Bom in an puahhnawh Hna i micheukhat hliamtuar zong an um hna. Bom an Puahhnawh hnu ah Mawtaw in a kal ngam ti lo ruang ah Vanlong in ralhrang nih an laak.
Sagaing CM pa hi Oxygen sehzung on ding in khuatlawn an kal lio ah a tu bantin Bom puahhnawh a ton hi a si. A van that ah a mah cu an hliam lo nain micheukhat hna cu hliamhma an pu tiah theih a si.
Source.. Khit Thit Media
Credit.. Saisihchuah
မင်းအောင်လှိုင်ခန့် စစ်ကိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တချို့ ထိခိုက်သေဆုံးမှုရှိ၊ ဝန်ကြီးချုပ်မြတ်ကျော်ကို စစ်ရဟတ်ယာဉ်ဖြင့် ခေါ်သွားရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်အရှေ့ဘက် နှောရိုးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်အစောပိုင်း မင်းအောင်လှိုင်ခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မြတ်ကျော်ယာဉ်တန်းကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ယာဉ်တန်းတွင် ပါလာသူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
မြတ်ကျော်လိုက်ပါသော စစ်ကောင်စီ၏ ယာဉ်တန်းသည် ယင်းမာပင်မြို့ပေါ်ရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် အောက်စီဂျင်စက်ရုံဖွင့်လှစ်ပွဲကို လာရောက်ခဲ့သည့် ယာဉ်တန်းဖြစ်ကြောင်း ၊ မိုင်းခွဲခံရသဖြင့် ဝန်ကြီးချုပ် မြတ်ကျော်ကို စစ်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားရကြောင်းဆက်လက် သိရသည်။
“ဒီကနေ့ နံနက်အစောပိုင်းကပဲ။ယင်းမာပင်မြို့အရှေ့ဘက် နှောရိုးရွာနားမှာ ကျနော်တို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်။ ပြီးတော့ မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်ခဲ့ကြတယ်။ ကျနော်တို့က မိုင်းနဲ့တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က အထိနာသေဆုံးမှုတွေရှိတယ်။ လူနာတင်ကားနဲ့ သူတို့ရဲ့ ရဲဘော်တွေကို လာသယ်သွားကြတယ်”ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှေ့တန်းရောက် ရဲဘော်တစ်ဉီးက ပြောကြားသည်။
ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်သေနတ်မော်တာ၊ လက်နက်ကြီးများအပါအဝင် ဒလစပ် ပစ်ခတ်ခဲ့ကြကြောင်း အဆိုပါပစ်ခတ်မှုကြောင့် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက် (ယမန်နေ့)က ယင်းမာပင်မြို့အရှေ့ဘက် ဖိုလ်ဝင်တောင်အနီးတွင် ယင်းမာပင်ခရိုင် ပူးပေါင်း(PDF)တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တစ်ညနေလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Leave a Reply